အတိတ်က ချစ်သူနဲ့ပြတ်ပြီးနောက်ပိုင်း လေးနက်တဲ့ Ideal Type ရှိလာခဲ့တဲ့ Jung So Min
Author/ Publisher: Harry

Love Next Door နဲ့အတူ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့တဲ့ Jung So Min ဟာ အတိတ်က ၃ နှစ်ကြာတွဲဖူးတဲ့ ရည်းစားဟောင်းရှိခဲ့ပါတယ်။ Lee Joon နဲ့အတူ Father Is Strange ကို တွဲဖက်ရိုက်ကူးပြီးနောက် ချစ်သူတွေဖြစ်သွားခဲ့ကြတာပါ။ ရည်းစားဖြစ်ပြီး သိပ်မကြာခင်မှာဘဲ Lee Joon အနေနဲ့ စစ်မှုထမ်းတော့လည်း So Min က သစ္စာရှိရှိနဲ့စောင့်နေခဲ့ပြီး သူတို့ရဲ့အချစ်ရေးကို ၃ နှစ်ကြာအောင် အခက်အခဲမရှိတည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၀ မှာ ၃ နှစ်ကြာအချစ်ရေးကို အဆုံးသတ်လမ်းခွဲခဲ့ရပြီး ယခုအချိန်အထိ Jung So Min ဟာ အချစ်ကိုမရှာတော့ဘဲ တကိုယ်တည်းအနေနဲ့ ဘဝကို အပူအပင်ကင်းစွာဖြတ်သန်းနေတာပါ။

သူမနဲ့တွဲဖက်ရိုက်ကူးတဲ့မင်းသားတွေနဲ့ အတွဲညီလို့ ကောလဟာလတွေထွက်ဖူးပေမဲ့ Love Next Door မှာ အတူသရုပ်ဆောင်ခဲ့တဲ့ Jung Hae In နဲ့ ပိုပြီး ပရိသတ်တွေက သဘောတူခဲ့ကြပါတယ်။ ဒီတော့ Jung So Min ရဲ့ Ideal Type က ဘယ်လိုပုံစံမျိုးလဲ? So Min က သူ့ရဲ့အချစ်ရေး၊ ကိုယ်ပိုင်ဘဝကို ထုတ်ပြောတတ်သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့လည်း My Little Old Boy ရှိုးကို သွားတုန်းက သူမသဘောကျတဲ့ပုံစံမျိုးကို အနည်းငယ်လေးပြောပြဖူးပါတယ်။ So Min ရဲ့ စကားအရ သူမဟာ သူမရဲ့ခံစားချက်တွေကို နက်နက်နဲနဲနားလည်ခံစားပေးနိုင်ပြီး ဂရုစိုက်တတ်တဲ့သူတွေကို ကြိုက်တယ်လိုဆိုပါတယ်။ စကားလုံးတွေ၊ အပြောလေးတွေနဲ့ နွေးထွေးစေတဲ့ချစ်ခြင်းမျိုးဟာ သူကြိုက်တဲ့ ချစ်ခြင်းဖော်ညွှန်းပြမှုလေးတွေဖြစ်လို့ သူမကို ကြင်ကြင်နာနာနဲ့ နူးနူးညံ့ညံ့လေးပြောဆိုတတ်တဲ့သူတွေကိုလည်း နှစ်သက်ကြောင်း ဖွင့်ဟပါတယ်။ ဒါပေမဲ့လည်း သူမရဲ့နဂိုပုံစံအရ သူမရဲ့သီးသန့်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း မြတ်နိုးသူဖြစ်တာကြောင့် ဒါကိုနားလည်လေးစားပေးနိုင်တဲ့သူကို So Min က သဘောကျပြန်ပါတယ်။

Photo credit to TVREPORT
“ကိုယ်ကိုယ့်ကိုယ် ပြန်လည်ဆန်းစစ်ဖို၊ ခံစားချက်ပိုင်းဆိုင်ရာ ရင့်ကျက်နားလည်နိုင်ဖို့အတွက် တကိုယ်တည်း သီးသန့်အချိန်ဆိုတာ မဖြစ်မနေ လိုအပ်တယ်လို့ ကျွန်မက ယုံပါတယ်" ဆိုပြီး So Min က သေချာပြောခဲ့ပါတယ်။ ဒီအတိုင်းဆိုရင်တော့ So Min ရဲ့ အကြိုက်ပုံစံဟာ သူမကို နားလည်မှုအပြည့်ပေးနိုင်သူ၊ ချိုသာနူးညံ့သူနဲ့ သူမတစ်ယောက်တည်းနေချင်တဲ့အချိန်မျိုးမှာလည်း နားလည်ခံစားပေးနိုင်သူမျိုးလို့ ခန့်မှန်းလိုရပါတယ်။ အချစ်ကိုမရှာဖွေတော့ဘဲ အတောက်ပဆုံး ဖြတ်သန်းနေနိုင်တဲ့ So Min ရဲ့ ဘဝနေထိုင်မှုပုံစံကတော့ သဘောကျဖွယ်ကောင်းပါတယ်။

Photo credit to SBS 연예뉴스
Source: NAVER