အီမူဂီ, ဖြစ်ခဲ့တဲ့ SungJae အနေနဲ့ ရိုဆန်တဲ့အချစ်ကားတွေကို ငြင်းဆန်ရတဲ့အကြောင်းအရင်း
Author/ Publisher: Emma

BTOB အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး အဆိုတော်အဖြစ် အောင်မြင်နေတဲ့အပြင် သရုပ်ဆောင်ပါ ကောင်းသူဖြစ်လို့ Yook Sungjae ဟာ နာမည်ကြီးဇာတ်လမ်းတွေနဲ့ပါ အောင်မြင်လာခဲ့သူပါ။ Sungjae ဟာ Goblin, The Golden Spoon စတဲ့ဇာတ်လမ်းတွေမှာ မင်းသားတစ်ဦးအဖြစ် အရည်အချင်းတွေပြသထားပါတယ်။

The Haunted Palace ထဲမှာ အီမူဂီ,ဂန်ချောအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို သဘောကျစေခဲ့တဲ့ Sungjae ဟာ သူ့အနေနဲ့ အချစ်ဟာသဇာတ်လမ်းမျိုးတွေကို လက်ခံရိုက်ကူးလေ့မရှိတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ KTown4U fansign ပွဲမှာတုန်းက ပရိသတ်တစ်ယောက်ဟာ ဒီမေးခွန်းကို မေးခဲ့ဖူးပါတယ်။ "ဘာကြောင့်များ အချစ်ဟာသကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် မရိုက်တာလဲ?" ဆိုပြီး မေးခဲ့တာပါ။

Photo credit to SBS
ထိုအခါမှာတော့ Sungjae က "အမှန်တိုင်းပြောရရင် ကျွန်တော် ပိုပြီး အရွယ်ရလာခါမှ ဒီလိုအချစ်ဟာသကားတွေကို ရိုက်ကူးချင်တယ်။ ပြောရရင် အချစ်ဆိုတာ ဘာနဲ့တူလဲ?ဆိုတာတောင် ကိုယ်တိုင်သေချာမသိသေးပါဘူး။ အချစ်မှာ နစ်မြောနေတဲ့ဇာတ်ကောင်မျိုးကို သရုပ်မဆောင်ခင် အရင်ဆုံးအနေနဲ့ ကိုယ်တိုင် အချစ်ဆိုတဲ့အတွေ့အကြုံလေးကို ခံစားကြည့်ချင်ပါသေးတယ်" ဆိုပြီး ဖြေပေးခဲ့ပါတယ်။

Photo credit to 10 asia 텐아시아
မချစ်ဖူးသေးတာကြောင့် စိတ်ကူးယဉ်ဆန်တဲ့အချစ်ကားတွေကို Sungjae က သရုပ်မဆောင်ချင်ပါဘူးတဲ့။ သူ့ရဲ့အကျင့်စရိုက်နဲ့ အတွေ့အကြုံတွေနဲ့ ကိုက်ညီဆက်စပ်တဲ့ဇာတ်ညွှန်း၊ ဇာတ်ကောင်တွေကိုသာ ရွေးချယ်သရုပ်ဆောင်တာဖြစ်လို့လည်း ရိုက်ကူးထားသမျှဇာတ်လမ်းတွေကလည်း ကြည့်လို့ကောင်းတာတွေချည်းပဲ ထွက်ရှိထားနိုင်တာဖြစ်ပါတယ်။
Source: Koreaboo